Skip to content

ပရောဂျက်အကြောင်း

ပရောဂျက်၏ ရည်ရွယ်ချက်

ဤပရောဂျက်သည် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအတွက် လက်တွေ့အသုံးချနိုင်ပြီး လွယ်ကူစွာသုံးစွဲနိုင်သော ရာသီဥတုပြောင်းလဲမှုဖြစ်စေသည့် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု(GHG Emission)အား စောင့်ကြည့်ရေးစနစ်တစ်ခု ဖြစ်ပေါ်လာရန်နှင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအား ၎င်းတို့၏ GHG ထုတ်လွှတ်မှုများကို နားလည်သဘောပေါက်စေရန်၊ အဓိကထုတ်လွှတ်မှုအရင်းအမြစ်များကို ဖော်ထုတ်နိုင်စေရန်နှင့် ၎င်းတို့၏ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို လျှော့ချရန် ထိရောက်သော အဆင့်များ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားပါသည်။
ဤဆောင်ရွက်ချက်ကို European Union မှ ရန်ပုံငွေထောက်ပံ့ပြီး sequa အဖွဲ့မှ ဦးဆောင်သည့် SWITCH-Asia Programme မှတစ်ဆင့် Prevent Plastics+ စီမံကိန်းအောက်တွင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကာ၊ မြန်မာနိုင်ငံတွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု (GHG Emission) နည်းပြီး ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများသို့ ကူးပြောင်းရေးကို ပံ့ပိုးကူညီနိုင်ရန်ဖြစ်ပါသည်။
ယခု ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတိုင်းတာရေးစနစ်ကို မြန်မာနိုင်ငံအခြေစိုက် ရေရှည်တည်တံ့ခိုင်မြဲရေး အကြံပေးလုပ်ငန်း Yever မှ Prevent Plastics+ နှင့် ပူးပေါင်း၍ ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။ ဤစနစ်သည် မြန်မာပြည်ရှိ စီးပွားရေးလုပ်ငန်းများအနေဖြင့် ၎င်းတို့၏ ထုတ်လွှတ်မှုများကို ထိရောက်စွာ စောင့်ကြည့်၊ စီမံခန့်ခွဲနိုင်ရန်နှင့် အစီရင်ခံနိုင်ရန်အတွက် အခြေခံအဆင့် GHG တိုင်းတာမှုစံချိန်စံညွှန်းတစ်ရပ် ထူထောင်ရန် အတွက် ပြုလုပ်သောစီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါသည်
စီးပွားရေးလုပ်ငန်းများအနေဖြင့် ၎င်းတို့၏ ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုခြေရာများကို တိုင်းတာနားလည်နိုင်စေခြင်းဖြင့် အချက်အလက်အခြေပြုသည့် ရာသီဥတုဆိုင်ရာ ဆောင်ရွက်မှုများကို ပိုမိုအားပေးမြှင့်တင်ရန်၊ အစိမ်းရောင်ငွေကြေးရေးဆိုင်ရာ ထောက်ပံ့မှုများအား မြှင့်တင်ရန်နှင့် အနာဂတ်ကာဗွန်ဈေးကွက်တွင် မြန်မာနိုင်ငံမှလုပ်ငန်းများ၏ ပါဝင်နိုင်စွမ်းကို မြှင့်တင်ပေးရန်အတွက် ရည်ရွယ်ပါသည်။

စနစ်အကြောင်း

ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတိုင်းတာခြင်းစနစ် (GHG Emission Measurement Tool) သည် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအား ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများမှ ဖြစ်ပေါ်သည့် ရာသီဥတုပြောင်းလဲမှုဖြစ်စေသော ဖန်လုံအိမ်ဓာတ်ငွေ့ (GHG) ထုတ်လွှတ်မှုများကို ကောက်ယူခြင်း၊ တွက်ချက်ခြင်းနှင့် ဆန်းစစ်ခြင်းများ ပြုလုပ်နိုင်ရန် ကူညီပေးသည့် ဒီဂျစ်တယ်စနစ်တစ်ရပ် ဖြစ်ပါသည်။
ဤစနစ်သည် GHG Protocol နှင့်ကိုက်ညီသော စံချိန်စံညွှန်းနည်းလမ်းများကို အသုံးပြုထားပြီး၊ မြန်မာပြည်ရှိ စီးပွားရေးလုပ်ငန်းများနှင့် ကိုက်ညီသည့် အချက်အလက်များကို ကောက်ယူနိုင်ရန်အတွက် လွယ်ကူရှင်းလင်းသည့် လမ်းညွှန်များဖြင့် ဖန်တီးထားခြင်းဖြစ်ပါသည်။
ယခုစနစ်အား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ အားနည်းသော စီးပွားရေးလုပ်ငန်းများပင်ဖြစ်လင့်ကစား ၎င်းတို့၏ ဖန်လုံအိမ်ဓာတ်ငွေ့ (GHG) ထုတ်လွှတ်မှုများကို တိုင်းတာနိုင်ရန်အတွက် လက်တွေ့ကျပြီး ဒေသတွင်းနှင့်လည်း ကိုက်ညီသော စနစ်တစ်ခုဖြစ်ပါသည်။

ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု တိုင်းတာခြင်းစနစ်၏ ရည်ရွယ်ချက်

ဤတိုင်းတာခြင်းစနစ်၏ ရည်ရွယ်ချက်မှာ -
နောင်တွင် ဆက်လက်ပြီး တသမတ်တည်း တိုင်းတာနိုင်ရန် ထုတ်လွှတ်မှု နယ်ပယ်များ (Emission boundaries) ကို ရှင်းလင်းစွာ သတ်မှတ်လာနိုင်ခြင်း။
စနစ်တကျဖွဲ့စည်းထားပြီး လွယ်ကူစွာ အသုံးပြုနိုင်သည့် အချက်အလက်ကောက်ယူမှုများကို ရိုးရှင်းအောင်ပြုလုပ်လာနိုင်ခြင်း
အချက်အလက် စီမံခန့်ခွဲမှုနှင့် အစီရင်ခံမှုဆိုင်ရာများတွင် ယုံကြည်စိတ်ချရမှုရှိခြင်းနှင့် ပွင့်လင်းမြင်သာမှုကို ဖော်ပြနိုင်ခြင်း
လုပ်ငန်းအတွက်လိုအပ်သည့် ဆုံးဖြတ်ချက်များချမှတ်ခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲရေး စီမံချက်ရေးဆွဲခြင်း သို့မဟုတ် ပြင်ပသို့ အစီရင်ခံခြင်းတို့အတွက် အသုံးချနိုင်သော အချက်အလက်များကို ထုတ်လုပ်ပေးနိုင်ခြင်း
မြန်မာနိုင်ငံရှိ စီးပွားရေးကဏ္ဍအသီးသီးတွင် စံထားနိုင်သည့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ( GHG Emission) တိုင်းတာမှု မူဘောင်တစ်ရပ် ဖြစ်ပေါ်လာရေးအတွက်ကို ပံ့ပိုးကူညီပေးခြင်း

အသုံးပြုသူ တွေ့ကြုံရမည့် အဆင့်များ (User Journey)

ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှင့်မှု တိုင်းတာခြင်းစနစ် (GHG Measurement Tool) အားပါဝင် လိုပါက အောက်ပါအဆင့်များကို ဂရုတစိုက်လိုက်နာခြင်းဖြင့် မှန်ကန်တိကျသည့် အကြောင်းအရာများကို ဖြည့်သွင်းနိုင်မည်ဖြစ်ပါသည်။

အဆင့် (၁) - ဝင်ရောက်အသုံးပြုခွင့်နှင့် အခြေခံအချက်အလက်များ ရယူခြင်း

ပထမဦးစွာ စိတ်ပါဝင်စားသည့် လုပ်ငန်းများအနေဖြင့် အောက်ပါ အကြောင်းအရာများပါဝင်သည့် အချက်အလက် များရရှိမည်ဖြစ်ပါသည်။
ယခုပရောဂျက်၏ ရည်ရွယ်ချက်၊ စနစ်အကြောင်း၊ ရည်ရွယ်ချက်နှင့် အသုံးပြုပုံများ
ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှင့်မှု တိုင်းတာခြင်းစနစ် (GHG Emissions) အသုံးပြုနည်း (အချက်အလက်ထည့်သွင်းရန် အသေးစိတ်ညွှန်ကြားချက်များ)
ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှင့်မှု တိုင်းတာခြင်းစနစ် (Airtable ဖောင်)
အမေးများသောမေးခွန်းများ (FAQ)
ပါဝင်လိုသူများအနေဖြင့် ယခုဖော်ပြထားသည့် အချက်အလက်များအား အရင်ဆုံး သေချာစွာဖတ်ရှုပေးပါရန် အကြံပြုလိုပါသည်။

အဆင့် (၂) - ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှင့်မှု တိုင်းတာခြင်းစနစ် (GHG Measurement Tool)၏ လုပ်ငန်းစဉ် တစ်ခုလုံးအား ခြုံငုံနားလည်အောင်ပြုလုပ်ခြင်း

ပထမဦးစွာ အသုံးပြုသူ တွေ့ကြုံရမည့် အဆင့်များ (User Journey) အားဖတ်ရှုပြီး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှင့်မှု တိုင်းတာခြင်းစနစ် (GHG Measurement Tool)၏ လုပ်ငန်းစဉ် တစ်ခုလုံးအား ခြုံငုံနားလည်အောင်ပြုလုပ်ပါ။
ပြီးနောက် အဆင့်များအားလုံးအားနားလည်သွားပါက နောက်တစ်ခုအနေဖြင့် အသုံးပြုနည်းလမ်းညွှန်(Tool Manual) အားဖတ်ရှုပြီး မည်သည့် အချက်အလက်များပါဝင်ဖြည့်သွင်းရမည်ကို ကြိုတင်ပြင်ဆင်နိုင်မည်ဖြစ်ပါသည်။
နောက်ဆုံးအနေဖြင့် မေးလေ့ရှိသောမေးခွန်းများ (FAQs)ကို ဖတ်ရှုပြီး အခြားနားမလည်သည့်အရာများအတွက် လေ့လာနိုင်မည်ဖြစ်ပါသည်။

အဆင့်(၃) - အချက်အလက်များပြင်ဆင်ခြင်း

အချက်အလက်တွေကို စပြီး မဖြည့်ခင်မှာ အောက်ဖော်ပြပါ အရာလေးတွေကို ကြိုတင် စုဆောင်းထားမယ်ဆိုရင် Form ကို စတင်အသုံးပြုတဲ့အခါမှာ အထောက်အကူဖြစ်မှာပါ။ သတိပြုရမှာကတော့ မိမိတို့ရဲ့ လုပ်ငန်းနဲ့ သက်ဆိုင်မယ့်အကြောင်းအရာတွေအတွက်ကိုသာ ဖြည့်သွင်းပေးရမှာဖြစ်ပြီး မကိုက်ညီ၊ မပါဝင်တဲ့အကြောင်းအရာတွေအတွက်ကိုတော့ ဖြည့်သွင်းစရာမလိုအပ်ပါဘူး။
လုပ်ငန်းအကြောင်း - အမည်၊ လိပ်စာ၊ တည်ထောင်သည့်နှစ်၊ လုပ်ငန်းကဏ္ဍနှင့် ဝန်ထမ်းအရေအတွက် စတာတွေ ပါဝင်ပါလိမ့်မယ်။
အဆောက်အဦးဆိုင်ရာ အချက်အလက် - အရွယ်အစား (စတုရန်းပေ)၊ ပိုင်ဆိုင်မှုအခြေအနေ (ကိုယ်ပိုင်/ငှားရမ်း) နှင့် ဆောက်လုပ်သည့် ခုနှစ်။
မော်တော်ယာဉ်များ - အရေအတွက်၊ အသုံးပြုသည့်လောင်စာအမျိုးအစားနှင့် တစ်လအတွင်းပျှမ်းမျှလောင်စာအသုံးပြုမှု။
အအေးနှင့်အပူပေးစက်ကိရိယာများ - လေအေးပေးစက်/ရေခဲသေတ္တာ၊ မီးဖို/ရေနွေးငွေ့အိုး၊ ဘွိုင်လာ အရေအတွက်နှင့် အသုံးပြုသည့် လောင်စာအမျိုးအစားများ ။
မီးစက်များ - စွမ်းဆောင်ရည်နှင့် လတစ်လအတွက် ပျှမ်းမျှလောင်စာအသုံးပြုမှု။
လျှပ်စစ်စွမ်းအင်သုံးစွဲမှု - တစ်လစာလျှပ်စစ်သုံးစွဲမှု (kWh) (သို့) ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စွမ်းရည် (kW)။
ဝန်ထမ်းများ ခရီးသွားလာခြင်း - လုပ်ငန်းမှ ဝန်ထမ်းများ၏ သွားလာသည့်ပုံစံနှင့် တစ်နေ့တာ ခန့်မှန်းခရီးအကွာအဝေး။
အမှိုက်စီမံခန့်ခွဲမှု - အမှိုက်အမျိုးအစားများ၊ ပမာဏများနှင့် စွန့်ပစ်သည့်နည်းလမ်းများ။
အခုဖော်ပြပါ အချက်အလက်တွေကို ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် သင့်အနေနဲ့ ချောမောစွာ ဖြည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

အဆင့် (၄) - ဖောင်ဖြည့်သွင်းခြင်း

အချက်အလက်များ အဆင်သင့်ဖြစ်ပါက
ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတိုင်းတာခြင်းစနစ်အတွက်ပြုလုပ်ထားသည့်ဖောင် (GHG Emission Measurement Tool Form) အား လင့်မှတဆင့်ဝင်ရောက်ပါ။
ထို့နောက် အသုံးပြုနည်းလမ်းညွှန် (Tool Manual) အား ကိုးကားပြီး အဆင့်လိုက် ဖောင်ကို ဖြည့်သွင်းပါ။
(သင့်အနေနဲ့ စနစ်အတွင်းမှာ ဖြည့်သွင်းတဲ့အခါမှာ အခက်အခဲတစ်စုံတစ်ရာရှိသည် ဖြစ်စေ၊ သိလိုတဲ့မေးခွန်းတွေရှိသည် ဖြစ်စေ အောက်ပါဖုန်းနံပါတ်နဲ့ အီးမေလ်းလိပ်စာတွေကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။)
Naing Lin Thu | 09 771 270 808 |
Moe | 09 450 019 967 |

အဆင့် (၅) - သင့်၏ အချက်အလက်တွေကို ပြန်လည်စစ်ဆေးခြင်း နှင့် တင်သွင်းခြင်း

ဖောင်အား တင်သွင်းခြင်းမပြုလုပ်မီ သင့်၏ အဖြေများကို ပြန်လည်စစ်ဆေးပေးရန်လိုအပ်ပါမည်။
ထို့နောက်
"တင်သွင်းမည်" ("Submit") ခလုတ်ကို နှိပ်ကာ သင့်ရဲ့အချက်အလက်တွေကို ပရောဂျက်အဖွဲ့ဆီသို့ ပေးပို့နိုင်မှာဖြစ်ပါတယ်။
ထိုသို့ တင်သွင်းပြီးနောက်တွင် သင့်ရဲ့အချက်အလက်တွေကို ပြည့်စုံမှုနှင့် မှန်ကန်မှုအတွက် ပရောဂျက် အဖွဲ့မှ ပြန်လည် စစ်ဆေးမည်ဖြစ်ပြီး လိုအပ်ချက်များရှိပါက ထပ်မံအသိပေး ဆက်သွယ်သွားမည်ဖြစ်ပါသည်။

သင့်လုပ်ငန်း၏ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု အစီအရင်ခံစာ (GHG Emission Report) အားလက်ခံရရှိခြင်း

နောက်ဆုံးအနေနဲ့ အစီအရင်ခံစာကိုတော့ အချက်အလက်တွေအပြည့်အစုံရရှိပြီးနောက် အလုပ်လုပ်ရက်ပေါင်း (၃၀) အတွင်းမှာ ပြန်လည်ပေးပို့ပေးသွားမှာလည်းဖြစ်ပါတယ်။


Want to print your doc?
This is not the way.
Try clicking the ··· in the right corner or using a keyboard shortcut (
CtrlP
) instead.