Skip to content

အကဲဖြတ်စနစ် အသုံးပြုနည်း

၁။ MGIMM ကိရိယာကို ဘယ်လို ဝင်ရောက်ပြီး အသုံးပြုရမလဲ။

၁။ အီးမေးလ်အသုံးပြုပြီး Sign up လုပ်ရန် အောက်ပါလင့်ခ်ကို နှိပ်ပါ။
၂။ သင့်ကို Portal Login စာမျက်နှာသို့ ဦးတည်ပေးပါလိမ့်မည်။ အကဲဖြတ်မှု လုပ်ငန်းစဥ်တစ်ခုလုံးအတွက် သင်အသုံးပြုမည့် အီးမေးလ်လိပ်စာတစ်ခုကို ရိုက်ထည့်ပါ။

image.png
Sign up လုပ်ပြီးနောက် Login လင့်ခ်ပါဝင်သော အီးမေးလ်တစ်စောင်ကို ရရှိပါမည်။ MGIMM Portal ကို ဝင်ရောက်ရန် ထိုအီးမေးလ်မှ “Confirm email” Login လင့်ခ်ကို နှိပ်ပါ။ ဤလင့်ခ်သည် Portal ကို ဝင်ရောက်ပြီး အကဲဖြတ်မှုကို ပြီးမြောက်စေရန်အတွက် အမြဲအသုံးပြုရန် အရေးကြီးပါသည်။
လင့်ခ်ကို နှိပ်ပြီးနောက် MGIMM ပေါ်တယ်သို့ရောက် ပြီး မြန်မာ၊ အင်္ဂလိပ်နှင့် တရုတ်ဘာသာဖြင့် ဖောင်နှစ်ခုစီကို တွေ့မြင်ရပါလိမ့်မည်။ အဆိုပါဖောင်နှစ်ခုမှာ -
စက်ရုံအကြောင်းနှင့် အကဲဖြတ်မှု (Factory Profile and Assessment) – မေးခွန်းများကို ဖြေဆိုပြီး သက်သေအထောက်အထား စာရွက်စာတမ်းများ တင်ပြီး တစ်ကြိမ်သာဖြည့်ရမည့် အကဲဖြတ်မှုဖြစ်သည်။
လစဉ်ထောက်ခံချက် (Monthly Tracker) – ကိန်းဂဏန်းဆိုင်ရာဒေတာများကို ဖြည့်စွက်ခြင်းဖြင့် လစဉ်ဖြည့်ပေးရမည့် အကဲဖြတ်မှုဖြစ်သည်။
image.png
မေးခွန်းများကို ဖြေဆိုရန်မတိုင်မီ လိုအပ်သောအချက်အလက်များနှင့် စာရွက်စာတမ်းများကို ပြင်ဆင်ထားပါ။ အကဲဖြတ်မှုတွင် ပါဝင်သော ခေါင်းစဉ်များနှင့် လိုအပ်သော စာရွက်စာတမ်းများ၏ အသေးစိတ်အချက်အလက်များအတွက် နှင့် ကို ကြည့်ပါ။ သင်နှစ်သက်ရာ ဘာသာစကားကို ရွေးချယ်ပြီး အကဲဖြတ်မှုကို စတင်နိုင်ပါပြီ။ ဖောင်နှစ်ခုစလုံးကိုတော့ ပြီးဆုံးသည်အထိ ဖြေပေးရန်လိုပါသည်။
example01.png



၁။ အကဲဖြတ်မေးခွန်းကို ဖတ်ပါ။ အချို့သောမေးခွန်းများတွင် မေးခွန်းကို နားလည်စေရန် ရှင်းလင်းချက်များ ပါဝင်သည်။

၂။ Yes သို့မဟုတ် No ဖြေပေးပါ။ ဤသည်မှာ မဖြေမဖြစ်ဖြေဆိုရမည့် မေးခွန်းဖြစ်သည်။ သင် “Yes” ဟု ဖြေဆိုပါက “သက်သေအထောက်အထား” နှင့် “အကိုးအကား စာမျက်နှာ” အတွက် ဖြေဆိုရန်အကွက်များ ပေါ်လာပါမည်။
၃။ မည်သည့် သက်သေအထောက်အထား အမျိုးအစားများ လိုအပ်သည်ကို ဖတ်ရှုပြီး သက်သေ စာရွက်စာတမ်းများကို တင်ပါ။ တစ်ခုထက်ပိုသော စာရွက်စာတမ်းများစွာ တင်နိုင်ပါသည်။ တင်ရန် စာရွက်စာတမ်းမရှိပါက ကျော်သွားနိုင်ပါသည်။
၄။ မေးခွန်းနှင့် သက်ဆိုင်သော စာမျက်နှာနံပါတ်များကို ဖော်ပြပါ။ စာမျက်နှာနံပါတ်များ ဖော်ပြရန် မလိုအပ်ပါက ကျော်သွားနိုင်ပါသည်။

၂။ အကဲဖြတ်မှုကို ဖြေဆိုရာတွင် ကူညီပေးသည့် အင်္ဂါရပ်များမှာ မည်သည်တို့ဖြစ်သနည်း။

စက်ရုံအကြောင်း ဖြေဆိုပြီးနောက် အကဲဖြတ်မှုအတွက် မေးခွန်းများကို ဖြေဆိုရန် စတင်ပါမည်။ မေးခွန်းတစ်ခုစီတွင် မေးခွန်းကို ဖြေဆိုရာတွင် အထောက်အကူဖြစ်စေရန် အောက်ပါအချက်များ ပါဝင်သည်။

၃။ သင့်အဖြေများကို မည်ကဲ့သို့ သိမ်းဆည်းနိုင်မည်နည်း။

သင့်အဖြေများကို အကဲဖြတ်ခေါင်းစဉ်တစ်ခုစီ၏ အဆုံးတွင် “Next” ခလုတ်ကို နှိပ်လိုက်သောအခါ သိမ်းဆည်း (Save) သွားပါမည်။ ၎င်းသည် “Next” ခလုတ်ကို နှိပ်နိုင်ရန်အတွက် ခေါင်းစဉ်တစ်ခု ပြီးမြောက်ထားရမည်ဖြစ်ပါသည်။
image.png









error
အကဲဖြတ်ခေါင်းစဉ်တစ်ခုစီ၏ အဆုံးတွင် “Next” ခလုတ်ကို နှိပ်မထားပါက သင့်အဖြေများကို သိမ်းဆည်းမည်မဟုတ်ပါ။

၄။ အကဲဖြတ်မှုကို အလယ်တစ်ဝက်တွင် ပြန်လည်စတင်နိုင်ပါသလား။ အကဲဖြတ်မှုအလယ်တွင် Window ကို ပိတ်လိုက်ပါက သို့မဟုတ် ကွန်ပျူတာကို ပိတ်လိုက်ပါက သင့်အဖြေများ ပျောက်သွားမည်လား။

အကဲဖြတ်မှုကို တစ်ကြိမ်တည်းဖြင့် ပြီးမြောက်စေဖို့ မဖြစ်နိုင်ပါက စိတ်မပူပါနှင့်။ ဖြေဆိုနေစဥ် Window ကို ပိတ်လိုက်ပါက သို့မဟုတ် ကွန်ပျူတာကို ပိတ်လိုက်ပါက အကဲဖြတ်မှုကို ပြန်လည်စတင်နိုင်ပါသည်။ သင့်အီးမေးလ်မှ ရရှိသော Login လင့်ခ်ကို ထပ်မံနှိပ်၍ ဆက်လက် ဝင်ရောက်ဖြေဆိုနိုင်ပါသည်။

၅။ လင့်ခ် သက်တမ်းကုန်ဆုံးသည့်အချိန်မှာရော မည်သည်ကိုဆိုလိုသနည်း။

သင့် Login အီးမေးလ်တွင် “ဤလုံခြုံသော လော့ဂ်အင်လင့်ခ်သည် ၂ ပတ်အတွင်း သက်တမ်းကုန်ဆုံးပါမည် (This secured login link expires in 2 weeks )” ဟု ဆိုထားသော စာကို တွေ့ပါမည်။ နှစ်ပတ်အတွင်း အကဲဖြတ်မှုကို ပြီးမြောက်နိုင်မည်မဟုတ်ပါက MGIMM ကိုဝင်ရောက်သည့်လင့်ခ် သို့ သွားရောက်ပြီး သင့်အီးမေးလ်လိပ်စာကို ထပ်မံရိုက်ထည့်ပါက အခြားသော လော့ဂ်အင်လင့်ခ်တစ်ခုကို သင့်အီးမေးလ်ထံသို့ ထပ်မံပေးပို့ပါလိမ့်မည်။ သို့သော် သင်စတင်ပြီးသား ဖောင်များကို ပြီးမြောက်စေရန် ယခင်က အသုံးပြုခဲ့သော အီးမေးလ်ကိုသာ ပြန်လည်အသုံးပြုရမည်ဖြစ်သည်

၆။ Login လင့်ခ် သို့မဟုတ် Portal ကို အခြားသူ သို့မဟုတ် ကိရိယာတစ်ခုသို့ ပေးပို့နိုင်ပါသလား။

သင်ဖြေဆိုထားသော အဖြေများကို အခြားသူ သို့မဟုတ် အခြားကွန်ပျူတာတစ်ခုတွင် Login လင့်ခ် သို့မဟုတ် Portal လင့်ခ်ကို မျှဝေပါက မြင်ရနိုင်ပါမည်။ သို့သော် သင်နှင့် အခြားသူ တစ်ပြိုင်နက်ဖြင့် ဖြေဆိုပါက သင့်အဖြေများကို သိမ်းဆည်းထားနိုင်မည်မဟုတ်ပါ၊ သင်တို့နှစ်ဦးအနက် တစ်ဦးမှ “Next” ခလုတ်ကို နှိပ်ထားမှသာလျှင် သိမ်းဆည်း (Save) နိုင်ပါမည်။

၇။ အကဲဖြတ်မှုအား စစ်ဆေး ပြီးမြောက်ခြင်း

ဖောင်အားလုံးကို Sign in လုပ်ထားသော အီးမေးလ်ဖြင့် အဆုံးထိ ပြီးမြောက်အောင်‌ဖြေဆိုရမည်ဖြစ်သည်။ စက်ရုံအကြောင်းနှင့် အကဲဖြတ်မှု (Factory Profile and Assessment) ၏ မေးခွန်းအားလုံးကို ဖြေဆိုပြီး အဆုံးတွင် “Submit” ခလုတ်ကို နှိပ်မှသာ အမှတ်ပေးမည်ဖြစ်ပါသည်။
MGIMM အကဲဖြတ်မှုတွင် အီးမေးလ်များစွာဖြင့် ဖြေဆိုရန် နည်းပညာပိုင်းအရ မဖြစ်နိုင်ပါ။ ဥပမာအားဖြင့် သင်သည် ဖြင့် Sign in လုပ်ကာ စက်ရုံအကြောင်းနှင့် အကဲဖြတ်မှု၏ ပထမပိုင်းကို ဖြေဆိုပြီး သင့်လုပ်ဖော်ကိုင်ဖက်သည် သူ၏ Sign in ပြုလုပ်ထားသော နောက်အီးမေးလ် ဖြင့် စက်ရုံအကြောင်းနှင့် အကဲဖြတ်မှု၏ ဒုတိယပိုင်းကို ဖြေဆိုကူညီပါက MGIMM အကဲဖြတ်စနစ်သည် ပထမအီးမေးလ် ဖြစ်သော မှ စတင်ဝင်ရောက်ပြီး အဖြေများကို ပြီးဆုံးသည်အထိ မဖြေခဲ့သည့်အတွက် အမှတ်ပေးနိုင်မည် မဟုတ်ပါ။ ထို့အတူ သင့်လုပ်ဖော်ကိုင်ဖက်သည် ဖြင့် အကဲဖြတ်မှု၏ ပထမပိုင်းမှ မဖြစ်မနေဖြေဆိုရမည့် မေးခွန်းများကို မဖြေဆိုရသေးဘဲ ဒုတိယပိုင်းကို စတင်နိုင်မည် မဟုတ်ပါ။ အကျဉ်းချုပ်အားဖြင့် အကဲဖြတ်မှုကို မူလ Sign in ပြုလုပ်ထားသော အီးမေးလ်တစ်ခုတည်းမှသာ ဝင်ရောက်ပြီး Portal မှတစ်ဆင့် ပြီးဆုံးသည်အထိ ဖြေဆိုရမည် ဖြစ်ပါသည်။

၈။ “Submit” ခလုတ်ကို နှိပ်ပြီးနောက် သင့်အဖြေများကို ပြန်လည်ပြင်ဆင်နိုင်ပါသလား။

ပြင်ဆင်နိုင်ပါသည်။ သင် Sign in လုပ်ထားသော အီးမေးလ်မှ ရရှိသော Login လင့်ခ်မှ ပြန်လည်ဝင်ရောက်ခြင်းဖြင့်မှသာ သင် Submit လုပ်ထားပြီးသော အဖြေများကို ပြန်လည်ပြင်ဆင်နိုင်ပါသည်။

၉။ ဖောင်ကို ပြီးမြောက်ရန် နောက်ဆုံးရက်

ဒုတိယ အကဲဖြတ်ကာလမှာ ၂၀၂၅ ခုနှစ် အောက်တိုဘာလ မှ ဒီဇင်ဘာလအထိ ဖြစ်သည်။

ဤအကဲဖြတ်ကာလပြီးနောက် MGIMM Portal ကို ဒေတာများကို စုစည်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းအတွက် ပိတ်ထားမည်ဖြစ်ပါသည်။ နောက်ဆုံးရက်ပြီးနောက် ပေါ်တယ်ကို ဝင်ရောက်နိုင်မည်မဟုတ်ပါ။

၁၀။ ရလဒ်များကို မည်သည့်အချိန်တွင် သိနိုင်မည်နည်း။

ရလဒ်များကို အွန်လိုင်းမှ ကြည့်ရှုနိုင်သည့်အချိန်တွင် အီးမေးလ်မှတစ်ဆင့် သတင်းပေးပို့ပေးမည် ဖြစ်ပါသည်။ ဒုတိယ အကဲဖြတ်မှု၏ ရလဒ်များကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ အဆုံးတွင် မြင်နိုင်မည်ဟု မျှော်မှန်းထားပါသည်။

၁၁။ မည်သည့်အမျိုးအစားစာရွက်စာတမ်းများကို တင်နိုင်ပါသလဲ။ ဖိုင်အရွယ်အစားနှင့် ဖိုင်အရေအတွက်အတွက် ကန့်သတ်ချက်များ ရှိပါသလား။

မည်သည့်အမျိုးအစားဖိုင်များကိုမဆို တင်နိုင်ပါသည်။ ဖိုင်အရေအတွက်အတွက် ကန့်သတ်ချက်မရှိပါ။ တင်နိုင်သော ဖိုင်တစ်ခုစီ၏ အရွယ်အစားမှာ 1 GB အထိရှိပြီး တင်နိုင်သော ဖိုင်စုစုပေါင်းကိုမူ ကန့်သတ်ထားခြင်းမရှိပါ။

၁၂။ အလုပ်သမား စစ်တမ်းက ဘာလဲ။ ဘယ်လို ကူညီနိုင်မည်နည်း။

သင့်စက်ရုံအလုပ်သမားများကို အလုပ်သမား စစ်တမ်း (Worker Survey) တွင် ပါဝင်ရန် တိုက်တွန်းပေးစေလိုပါသည်။ စစ်တမ်းကို ၁၅ မိနစ်အတွင်း ဖြေဆိုနိုင်စေရန် စီစဥ်ထားပါသည်။ စစ်တမ်းကို အောက်ပါ လင့်ခ် သို့မဟုတ် QR ကုဒ်မှတဆင့် ဝင်ရောက်နိုင်ပါသည်။
image.png

၁၃။ အင်တာနက်ချိတ်ဆက်မှု သို့မဟုတ် အခြားပြဿနာများရှိပါက မည်ကဲ့သို့လုပ်ဆောင်နိုင်မည်နည်း။

အောက်ပါလိပ်စာမှာတစ်ဆင့် MGIMM အဖွဲ့ကို ဆက်သွယ်ပါ။ ဆက်သွယ်သူပုဂ္ဂိုလ်၏ အမည်၊ အီးမေးလ်၊ ဖုန်းနံပါတ်နှင့် သင်ကြုံတွေ့နေရသော ပြဿနာအကြောင်း အကျဉ်းချုပ်ဖော်ပြပါ။ MGIMM အဖွဲ့သည် အလုပ်ချိန်အတွင်း ပြန်လည်ဆက်သွယ်ပေးပါမည်။

Want to print your doc?
This is not the way.
Try clicking the ⋯ next to your doc name or using a keyboard shortcut (
CtrlP
) instead.