Skip to content
Gallery
myanmar
မြန်မာ့အထည်ချုပ်စက်မှုလုပ်ငန်း စောင့်ကြည့်အကဲဖြတ်စနစ် (MGIMM)
Share
Explore
မြန်မာ့အထည်ချုပ်စက်မှုလုပ်ငန်း စောင့်ကြည့်အကဲဖြတ်စနစ် (MGIMM)

MGIMM အကြောင်း

၁။ MGIMM ဆိုတာ ဘာလဲ။

မြန်မာ့အထည်ချုပ်စက်မှုလုပ်ငန်း စောင့်ကြည့်စနစ် (MGIMM) သည် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများ၏ လူမှုကျင့်ဝတ်နှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ စွမ်းဆောင်ရည်များကို စက်ရုံအဆင့်တွင်တိုင်းတာအကဲဖြတ်ရန်အတွက် ဖန်တီးတည်ဆောက်ထာသောအွန်လိုင်းကိရိယာတစ်ခုဖြစ်သည်။ ၎င်းကို ဥရောပသမဂ္ဂ (European Union) မှ ရန်ပုံငွေထောက်ပံ့ပေးထားပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းစဥ် အလေ့အကျင့်များအတွက် စိတ်ကြိုက်ဖြေရှင်းချက်များ ပေးဆောင်သည့် B-Corp အသိအမှတ်ပြု အတိုင်ပင်ခံကုမ္ပဏီ Yever မှ ဖန်တီးထားပါသည်။ MGIMM ကို အသုံးပြု၍ သင့်အထည်ချုပ်စက်ရုံသည် လူမှုကျင့်ဝတ်စွမ်းဆောင်ရည်အား မည်မျှကောင်းမွန်စွာ ဆောင်ရွက်နေသည်ကို ကိုယ်တိုင်အကဲဖြတ်နိုင်ပြီး လိုအပ်သော ပြင်ဆင်မှုများကို လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ MGIMM သည် စာရင်းစစ်ကဲ့သို့ စစ်ဆေးခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများကို စက်ရုံတာဝန်ရှိသူများက ကိုယ်တိုင်ကိုယ်ကျ အကဲဖြတ်ခြင်းနှင့် အလုပ်သမားစစ်တမ်းများမှတစ်ဆင့် လူမှုကျင့်ဝတ်စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေရန် ကူညီပေးနိုင်မည့် ကိရိယာတစ်ခုဖြစ်ပါသည်။

၂။ MGIMM သည် မြန်မာနိုင်ငံအထည်ချုပ်စက်မှုလုပ်ငန်းများအတွက် အခြားသော အဓိက လူမှုကျင့်ဝတ်စွမ်းဆောင်ရည် စောင့်ကြည့်မှုအစီအစဉ်များနှင့် မည်သို့ကွဲပြားပါသနည်း။

MGIMM သည် မြန်မာနိုင်ငံအထည်ချုပ်စက်မှုလုပ်ငန်းတွင် လူမှုကျင့်ဝတ် (Social Compliance) လိုက်နာမှုကို စောင့်ကြည့်ရန် အသုံးပြုသည့် အခြားအစီအစဉ်များဖြစ်သော MADE in Myanmar အတွက် Sequa မှ ၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (
) ၏ ဆန္ဒအလျောက် အလုပ်သမားလိုက်နာမှု အကဲဖြတ်ခြင်း (VLCA) ကိရိယာနှင့် amfori
ကဲ့သို့သော အခြားသော လူမှုကျင့်ဝတ်လိုက်နာမှု စီမံခန့်ခွဲမှုစနစ်တို့မှ သီးသန့်ဖြစ်သော အကဲဖြတ်စနစ်တစ်ခုဖြစ်ပါသည်။ MGIMM သည် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံ ၂၀၀ ကို ၎င်းတို့ မည်သည့်အသင်းအဖွဲ့ သို့မဟုတ် လူမှုကျင့်ဝတ်အစီအစဉ်ကို လိုက်နာနေသည်ဖြစ်စေ အကဲဖြတ်ရန်အတွက် ရည်ရွယ်ထားပါသည်။
သို့သော် MGIMM သည် မြန်မာနိုင်ငံအလုပ်သမားဥပဒေ ပြဌာန်းချက်များ၊ အလုပ်သမားအဖွဲ့အစည်းများ၏ စံနှုန်းများနှင့် MADE နှင့် VLCA ကဲ့သို့သော အခြား လူမှုကျင့်ဝတ် အစီအစဉ်များနှင့် ကိုက်ညီစေရန် စီစဥ်ထားပါသည်။ အဓိကအကျိုးသက်ရောက်မှူရှိနိုင်သော MADE, MGMA, အထည်ချုပ်လုပ်ငန်း ဆိုင်ရာလူမှုကျင့်ဝတ် ကျွမ်းကျင်သူများနှင့် အလုပ်သမားအခွင့်အရေးအဖွဲ့အစည်းများတို့ကိုလည်း MGIMM ကို ဖန်တီးတည်ဆောက်စဥ်အတွင်း တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
MGIMM သည် သင့်စက်ရုံအား
သင့်စက်ရုံ၏ လူမှုကျင့်ဝတ် စွမ်းဆောင်နိင်မှုကို မြန်မာ အထည်ချုပ်လုပ်ငန်း တခုလုံး နှင့်နှိုငိးယှဥ် အကဲဖြတ်စေနိုင်ခြင်း။
အလုပ်သမားများ၏ စိတ်ဓာတ်နှင့် ထုတ်လုပ်မှုစွမ်းရည်ကို တိုးတက်ကောင်းမွန်စေရန် လုပ်ငန်းခွင်အခြေအနေများနှင့် တရားမျှတသော ဆက်ဆံမှုဆိုင်ရာ ပြဿနာများကို ရှာဖွေပြီး ဖြေရှင်းနိုင်ခြင်း။ခြင်း။
ဥပဒေရေးရာ အပြစ်ဒဏ်များနှင့် မကောင်းသတင်းနှင့် ကျော်ကြားမှု အန္တရာယ်များကို လျော့ပါးစေရန်၊ ပြဿနာများ မဖြစ်ပွားမီ ဖြေရှင်းနိုင်ခြင်း စသည်တို့ကို ‌ဆောင်ရွက်စေနိုင်မည် ဖြစ်ပါသည်။
အကဲဖြတ်မှုတွင် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားပြီး လည်ပတ်နေသော အထည်ချုပ်စက်ရုံများအားလုံး ပါဝင်ပါသည်။ မှတ်ပုံတင်ထားသော တရားဝင်အဖွဲ့အစည်းတစ်ခုအောက်တွင် အထည်ချုပ်စက်ရုံများ တစ်ခုထက်ပို၍ လည်ပတ်နေပါက စက်ရုံတစ်ခုစီအတွက် အကဲဖြတ်မှုကို ဆောင်ရွက်ရမည်ဖြစ်သည်။ ဥပမာအားဖြင့် “စက်ရုံ က” နှင့် “စက်ရုံ ခ” သည် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများဖြစ်ပြီး “ကခဂ ကုမ္ပဏီ”၏ တရားဝင်ပိုင်ဆိုင်မှုအောက်တွင် မှတ်ပုံတင်ထားပါက “စက်ရုံ က” နှင့် “စက်ရုံ ခ” နှစ်ခုစလုံးကို အကဲဖြတ်ရန် တိုက်တွန်းလိုပါသည်။ သို့သော် အကဲဖြတ်မှုကို စက်ရုံအလိုက် ရလဒ်ထွက်လာစေရန် သီးခြားအကဲဖြတ်ရမည်ဖြစ်သည်။ အကဲဖြတ်မှုတွင် လုံခြုံရေးဝန်ထမ်းများနှင့် သန့်ရှင်းရေးဝန်ထမ်းများအပါအဝင် စက်ရုံဝန်ထမ်းများအားလုံးအတွက် ပါဝင်ပါသည်။

၃။ MGIMM ၏ အဓိကအစိတ်အပိုင်းများက ဘာတွေလဲ။

MGIMM တွင် အဓိကအစိတ်အပိုင်း နှစ်ခုရှိသည်။ Scorecard နှင့် Worker Survey တို့ဖြစ်သည်။
၃.၁။ Scorecard
Scorecard တွင် အပိုင်းသုံးပိုင်းရှိပြီး အပိုင်းတိုင်းကို အောက်တွင် အသေးစိတ်ဖော်ပြထားသည်။
၃.၁.၁။ စက်ရုံအကြောင်း (Factory Profile)
သင်သည် စက်ရုံ၏ ရှယ်ယာရှင်များ၊ စီမံခန့်ခွဲမှု၊ အလုပ်သမားများ၏ လူဦးရေ အချက်အလက်များ အစရှိသည်တို့အပါအဝင် အထွေထွေ အချက်အလက်များကို ဖြေဆိုရပါမည်။
၃.၁.၂။ အကဲဖြတ်မေးခွန်းများ (Assessment Points)
သင်သည် အကဲဖြတ်မေးခွန်း ၉၇ ခုတို့ကို ဖြေဆိုရမည်ဖြစ်ပြီး အောက်ပါ ခေါင်းစဉ် ၁၂ ခုကို အကျုံးဝင်သည်။ အလုပ်ခန့်ထားခြင်း၊ အဓမ္မခိုင်းစေမှု၊ ကလေးနှင့် လူငယ်လုပ်သားရေးရာ၊ အလုပ်ချိန်၊ လုပ်ခလစာ၊ ခွဲခြားဆက်ဆံမှုမရှိခြင်း၊ လုပ်ငန်းခွင် အကြမ်းဖက်မှုနှင့် အနှောင့်အယှက်ပြုမှု၊ စည်းကမ်းထိန်းသိမ်းရေး၊ လုပ်ငန်းခွင် ‌ဘေးကင်းလုံခြုံရေးနှင့် သက်သာချောင်ချိရေး၊ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းမှု နှင့် စုပေါင်းဆွေးနွေး ညှိနှိုင်းခြင်း၊ တိုင်ကြားချက်များနှင့် အလုပ်ရပ်နားခြင်း။
၃.၁.၃။ လစဉ်စာရင်းကောက်မှု (Monthly Tracker)
သင်သည် အောက်ပါအချက်အလက်များကို လစဉ် စာရင်းကောက် တင်ပြပေးရပါမည်။
အလုပ်ထွက်မှု ရာခိုင်နှုန်း၊ အလုပ်ပျက်ကွက်မှု ရာခိုင်နှုန်း၊ အချိန်ပိုဆင်းခြင်း၊ လစာနှုန်း၊ လုံခြုံရေးဒေတာနှင့် တိုင်ကြားချက်ဒေတာ စသည်။
၃.၂။ Worker Survey
သင့်စက်ရုံအလုပ်သမားများကိုယ်တိုင် အွန်လိုင်းမှ ဖြေဆိုနိုင်ရန် ‘Worker Survey’ ကို ၎င်းတို့ ကို မျှဝေပေးရန် တိုက်တွန်းပါသည်။ ဤ စစ်တမ်း သည် စက်ရုံ၏ လူမှုကျင့်ဝတ်စွမ်းဆောင်ရည်အပေါ် အလုပ်သမားများ၏ အမြင်ကို နားလည်နိုင်စေရန်အတွက် ရည်ရွယ်ပါသည်။ အဆိုပါ စစ်တမ်း သည် စက်ရုံ၏ လူမှုကျင့်ဝတ်စွမ်းဆောင်ရည်စနစ်များ ထိရောက်မှုရှိမရှိနှင့် ၎င်း၏စနစ်နှင့် အလုပ်သမားများ၏အမြင်ကြား ကွာဟမှုများ ရှိမရှိကို သိသိရှိနိုင်စေမည်ဖြစ်ပါသည်။ ဤ စစ်တမ်း သည် သင်၏စက်ရုံအား လူမှုကျင့်ဝတ်လိုက်နာမှုမရှိခြင်း၏ အန္တရာယ်များကို လျော့ပါးစေရန် ကူညီပေးမည်ဖြစ်ပါသည်။

၄။ အဖြေများကို မည်သို့ အကဲဖြတ်မည်နည်း။

မေးခွန်းများကို အွန်လိုင်းမှတစ်ဆင့် ဖြေဆိုရမည်ဖြစ်ပြီး အရည်အချင်းပြည့်မီသော အကဲဖြတ်သူအဖွဲ့တစ်ခုမှ သင်မျှဝေသော သက်သေစာရွက်စာတမ်းများအပေါ် အခြေခံ၍ အဖြေများကို ပြန်လည်သုံးသပ်ကာ အမှတ်ပေးသွားမည်ဖြစ်ပါသည်။

၅။ မေးခွန်းများကို မဖြေဆိုမီ မည်သည့် စာရွက်စာတမ်းများကို စုဆောင်း/ပြင်ဆင်ထားရမည်နည်း။

သင်သည် အောက်တွင်ဖော်ပြထားသော ခေါင်းစဉ်များအတွက် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကို ရှင်းပြထားသည့် စာရွက်စာတမ်းများနှင့် သင်တန်းမှတ်တမ်းများကို (သက်ဆိုင်ရာမေးခွန်းများအတွက်) ဒစ်ဂျစ်တယ်ပုံစံဖြင့် စုဆောင်းရမည်ဖြစ်သည်။
၁။ အလုပ်ခန့်ထားခြင်း
၂။ အဓမ္မခိုင်းစေမှု
၃။ ကလေးနှင့် လူငယ်လုပ်သားရေးရာ
၄။ အလုပ်ချိန်
၅။ လုပ်ခလစာ
၆။ ခွဲခြားဆက်ဆံမရှိခြင်း
၇။ လုပ်ငန်းခွင် အကြမ်းဖက်မှုနှင့် အနှောင့်အယှက်ပြုမှု
၈။ စည်းကမ်းထိန်းသိမ်းရေး
၉။ လုပ်ငန်းခွင် ‌ဘေးကင်းလုံခြုံရေးနှင့် သက်သာချောင်ချိရေး
၁၀။ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းမှု နှင့် စုပေါင်းဆွေးနွေး ညှိနှိုင်းခြင်း
၁၁။ လုပ်ငန်းခွင်နစ်နာချက်
၁၂။ အလုပ်ရပ်နားခြင်း
မေးခွန်းများကို ထိရောက်စွာ ဖြေဆိုနိုင်ရန်အတွက် စာရွက်စာတမ်းများကို ကြိုတင်စုဆောင်းပြင်ဆင်ရန် အထူးအကြံပြုပါသည်။
မေးခွန်းများနှင့် လိုအပ်သော သက်သက် စာရွက်စာတမ်း အသေးစိတ်အချက်အလက်များ ကိုသိရှိလိုပါက ကို ကြည့်နိုင်ပါသည်။
ဤစာရွက်စာတမ်းများကို သက်ဆိုင်ရာ မေးခွန်းများအတွက် MGIMM အွန်လိုင်းပလက်ဖောင်းတွင် တင်ပေးရမည်ဖြစ်ပါသည်။

၆။ အကဲဖြတ်မှုကို ပြီးမြောက်စေရန် မည်သည့် ကိရိယာများကို လိုအပ်မည်နည်း။

MGIMM အကဲဖြတ်မှုကို ပြီးမြောက်စေရန် သင်သည် စာရွက်စာတမ်းများစွာကို စုဆောင်းပြီး တင်ရမည်ဖြစ်သောကြောင့် အင်တာနက်ချိတ်ဆက်မှုရှိသော Desktop ကွန်ပျူတာ သို့မဟုတ် Laptop ကို အသုံးပြုရန် အထူးအကြံပြုလိုပါသည်။

၇။ ဒေတာလုံခြုံရေးအတွက်ကိုရော မည်သို့ဆောင်ရွက်မည်နည်း။

တင်ထားသော အချက်အလက်များကို Yever ၏ အဖွဲ့ဝင်များနှင့် Yever မှ စာချုပ်ချုပ်ဆိုထားသော ဝန်ဆောင်မှုပေးသူများသာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး အဆိုပါအချက်အလက်များကို အကဲဖြတ်မှုအတွက်သာရည်ရွယ် အသုံးပြုမည်ဖြစ်ပါသည်။ တင်ထားသော အချက်အလက်များကို အခြားစက်ရုံများ သို့မဟုတ် အသင်းအဖွဲ့များနှင့် မျှဝေခြင်းပြုလုပ်မည် မဟုတ်ပါ။ Yever သည် Encrypted Drive များအသုံးပြုခြင်း၊ Two-factor authentication များ ခံထားခြင်းနှင့် ဝင်ရောက်ခွင့် ကန့်သတ်ထားခြင်းတို့ဖြင့် ဒေတာလုံခြုံရေးကို တင်းကြပ်စွာ ထိန်းသိမ်းထားပါသည်။ ပရောဂျက်ဒေတာများကိုမူ ဥရောပသမဂ္ဂထံတွင် အပ်နှံထားမည်ဖြစ်ပြီး အထွေထွေဒေတာကာကွယ်မှုစည်းမျဉ်း (GDPR) နှင့်အညီ လိုက်နာထားပါသည်။

၈။ ရလဒ်ကို မည်သို့ မျှဝေမည်နည်း။

ရလဒ်များကို အွန်လိုင်းတွင် မျှဝေမည်ဖြစ်သည်။ စက်ရုံရလဒ်များအားလုံးကို ပြန်လည်သုံးသပ် အကဲဖြတ်ပြီး ဒေတာများကို စုစည်းပြီးနောက် သင်သည် ရလဒ်များကို အွန်လိုင်းတွင် ကြည့်ရှုနိုင်ရန် လင့်ခ်ပါသော အီးမေးလ်ကို Yever ထံမှ ရရှိမည်ဖြစ်ပါသည်။
သင့်စက်ရုံသည် MADE အဖွဲ့ဝင်ဖြစ်ပါက သင်သည် အောက်ပါအရာများကို ကြည့်ရှုနိုင်မည်ဖြစ်သည်။
သင့်စက်ရုံ အတွက် ရမှတ်
သင့်စက်ရုံ၏ အလုပ်သမား စစ်တမ်းရလဒ်များ
ဖြေဆိုထားသော စက်ရုံများအားလုံး၏ ပျမ်းမျှအမှတ်
ဖြေဆိုထားသော MADE ၏ အဖွဲ့ဝင်စက်ရုံများအားလုံး၏ ပျမ်းမျှအမှတ်
သင့်စက်ရုံသည် MGMA အဖွဲ့ဝင် ဖြစ်ပါက သင်သည် အောက်ပါအရာများကို ကြည့်ရှုနိုင်မည်ဖြစ်သည်။
သင့်စက်ရုံ အတွက် ရမှတ်
သင့်စက်ရုံ၏ အလုပ်သမား စစ်တမ်းရလဒ်များ
ဖြေဆိုထားသော စက်ရုံများအားလုံး၏ ပျမ်းမျှအမှတ်
ဖြေဆိုထားသော MGMA ၏ အဖွဲ့ဝင် စက်ရုံများအားလုံး၏ ပျမ်းမျှအမှတ်
သင့်စက်ရုံသည် MADE နှင့် MGMA အဖွဲ့ဝင် မဟုတ်ပါက သင်သည် အောက်ပါအရာများကို ကြည့်ရှုနိုင်မည်ဖြစ်သည်။
သင့်စက်ရုံ အတွက် ရမှတ်
သင့်စက်ရုံ၏ အလုပ်သမား စစ်တမ်းရလဒ်များ
ဖြေဆိုထားသော စက်ရုံများအားလုံး၏ ပျမ်းမျှအမှတ်
MADE နှင့် MGMA တို့၏ အဖွဲ့ဝင်မဟုတ်သော စက်ရုံများအားလုံး၏ ဖြေဆိုထားသော ပျမ်းမျှအမှတ်
စက်ရုံတစ်ရုံချင်းစီ ၏ ရမှတ်များကို သက်ဆိုင်ရာ စက်ရုံမှသာလျှင် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

၉။ အကဲဖြတ်မှုကာလမှာ မည်ကဲ့မည်ကဲ့သို့ဖြစ်မည်နည်း။

အကဲဖြတ် ကာလနှစ်ခုရှိမှာပါ။
ပထမအကြိမ် အကဲဖြတ်မှု။ ။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ
ဒုတိယအကြိမ် အကဲဖြတ်မှု။ ။ ၂၀၂၅ ခုနှစ် ဩဂုတ်လမှ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ
စက်ရုံများသည် ပထမအကဲဖြတ်မှုရလဒ်များအပေါ် အခြေခံ၍ ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဒုတိယအကြိမ်အကဲဖြတ်မှုမတိုင်မီ အချိန်ကာလ ခြောက်လ ရရှိမည်ဖြစ်ပါသည်။

၁၀။ MGIMM တွင် ပါဝင်ရန် သင့်စက်ရုံအတွက် ကုန်ကျစရိတ် မည်မျှရှိမည်နည်း။

သင်သည် သင့်စက်ရုံ၏ လူမှုကျင့်ဝတ်စွမ်းဆောင်ရည် (Scorecard) ကို အကဲဖြတ်ခြင်းနှင့် အလုပ်သမားများ၏ စိတ်ကျေနပ်မှုစစ်တမ်း (Worker Survey) တို့ကို MGIMM မှတစ်ဆင့် အခမဲ့ ပြုလုပ်ရရှိနိုင်မှာပဲ ဖြစ်ပါသည်။


Want to print your doc?
This is not the way.
Try clicking the ⋯ next to your doc name or using a keyboard shortcut (
CtrlP
) instead.