ရည်ရွယ်ချက်
ဤအစီရင်ခံစာ၏ ရည်ရွယ်ချက်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု တိုင်းတာခြင်းစနစ် (GHG Emissions Measurement Tool) အားပါဝင်ဖြေဆိုထားသည့် လုပ်ငန်းများ၏ ခန့်မှန်းခြေ ဖန်လုံအိမ်ဓာတ်ငွေ့ (GHG) ထုတ်လွှတ်မှုပမာဏကို ထုတ်လွှတ်မှုအတိုင်းအတာ/ နယ်ပယ်များအလိုက် Scope 1၊ Scope 2 နှင့် Scope 3 စသည် ဖြင့် ဖော်ပြပေးရန် ရည်ရွယ်ဖန်တီးထားပါသည်။
အသိပေးချက်
လုပ်ငန်းတစ်ခုချင်း၏ တစ်လပျမ်းမျှဖန်လုံအိမ်ဓာတ်ငွေ့ (GHG) ထုတ်လွှတ်မှုပမာဏကို သက်ဆိုင်ရာလုပ်ငန်းမှ ပေးအပ်ထားသော အချက်အလက်များပေါ်တွင် အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်သည်။ နှစ်စဉ်အချက်အလက်စုဆောင်းခြင်းသည် ပိုမိုတိကျသော ရလဒ်များကို ရရှိစေနိုင်သော်လည်း ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များနှင့် GHG စာရင်းပြုစုခြင်းဆိုင်ရာ သဘောတရားများကို အကျွမ်းဝင်မှုနည်းသေးသော လုပ်ငန်းများအတွက် လုပ်ငန်းစဉ်ကို ရိုးရှင်းစေရန် ရည်ရွယ်၍ တစ်လပျမ်းမျှ အချက်အလက်များကိုသာ အသုံးပြုထားပါသည်။
နည်းစနစ်
ထုတ်လွှတ်မှုအတိုင်းအတာ/နယ်ပယ်များ (Emission Boundaries)
Scope 1: လုပ်ငန်းပိုင် (သို့) လုပ်ငန်း၏ ထိန်းချုပ်မှုအောက်ရှိ အရင်းအမြစ်များမှ တိုက်ရိုက်ထုတ်လွှတ်သော ဖန်လုံအိမ်ဓာတ်ငွေ့ (GHG) အားလုံး ပါဝင်သည်။ Scope 2: လုပ်ငန်းမှ ဝယ်ယူသုံးစွဲရသည့် လျှပ်စစ်ဓာတ်အား သို့မဟုတ် လုပ်ငန်းမှကိုယ်တိုင်ထုတ်လုပ်သော လျှပ်စစ်ဓာတ်အား အားလုံးပါဝင်သည်။ Scope: လုပ်ငန်း၏လုပ်ဆောင်ချက်များအတွက် အသုံးပြုသည့် ငှားရမ်းထားသော အရင်းအမြစ်များမှ ထုတ်လွှတ်သော ဖန်လုံအိမ်ဓာတ်ငွေ့ (GHG) အားလုံး ပါဝင်သည်။ ဤအစီရင်ခံစာတွင် လုပ်ငန်းနှင့် တိုက်ရိုက်သက်ဆိုင်သည့် (upstream activities) လုပ်ဆောင်ချက်များကိုသာ Scope 3 အောက်တွင် ထည့်သွင်းစဉ်းစားထားပါသည်။ ထုတ်လွှတ်မှု တွက်ချက်ခြင်းနည်းလမ်း
ဖန်လုံအိမ်ဓာတ်ငွေ့ (GHG) ထုတ်လွှတ်မှုများကို နှင့်ကိုက်ညီသော စံနှုန်းများနှင့်အညီ ခန့်မှန်းတွက်ချက်ထားပါသည်။ တွက်ချက်မှုများတွင် အသုံးပြုထားသော ထုတ်လွှတ်မှုကိန်းသေတန်ဖိုးများ (Emission Factors) ကို ဤစာမျက်နှာ၏ အောက်တွင် အသေးစိတ်ဖော်ပြထားပါသည်။ လုပ်ငန်းအလိုက် စာရင်းမှတ်သားမှုစနစ်များ ကွဲပြားသည်ကို ထည့်သွင်းစဉ်းစားပြီး လုပ်ငန်းအများစု လွယ်ကူစွာပါဝင်နိုင်ရန်အတွက် အချက်အလက်များကို ပုံစံအမျိုးမျိုးဖြင့် စနစ်တကျ စာရင်းကောက်ယူထားပါသည်။ ဤစနစ်သည် လုပ်ငန်းအမျိုးအစားတစ်ခုစီ၏ လုပ်ဆောင်ချက်များအလိုက် အောက်ဖော်ပြပါတွက်ချက်မှုနည်းလမ်းများကို အသုံးပြုထားသည်။
လုပ်ငန်းသုံးယာဉ်များ၊ ဝန်ထမ်းသယ်ယူပို့ဆောင်ရေး
လုပ်ငန်းသုံးယာဉ်များ၊ ဝန်ထမ်းသယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ တွက်ချက်သည့်နည်းလမ်းသုံးမျိုး ရှိပါသည်။
၁။ အကွာအဝေးကို အခြေခံသော နည်းလမ်း (Distance-based method)
ခရီးသွားခဲ့သည့် အကွာအဝေးကို သက်ဆိုင်ရာ ပျမ်းမျှ ထုတ်လွှတ်မှုကိန်းသေတန်ဖိုး (average emission factor) ဖြင့် မြှောက်၍ ထုတ်လွှတ်မှုပမာဏကို တွက်ချက်ပါသည်။
၂။ လောင်စာဆီသုံးစွဲမှုကို အခြေခံသော နည်းလမ်း (Fuel combustion method)
သုံးစွဲခဲ့သည့် လောင်စာဆီပမာဏကို လောင်စာဆီအမျိုးအစားအလိုက် ထုတ်လွှတ်မှုကိန်းသေတန်ဖိုး (emission factor) ဖြင့် မြှောက်၍ ထုတ်လွှတ်မှုပမာဏကို တွက်ချက်ပါသည်။
၃။ သုံးစွဲစရိတ်ကို အခြေခံသော နည်းလမ်း (Spend-based method)
သယ်ယူပို့ဆောင်ရေးအတွက် သုံးစွဲခဲ့သည့် ငွေပမာဏစုစုပေါင်းကို လောင်စာဆီအမျိုးအစားအလိုက် တစ်လီတာဈေးနှုန်းဖြင့်စား၍ ထုတ်လွှတ်မှုကိန်းသေတန်ဖိုး (emission factor) ဖြင့်မြှောက်ပြီး ထုတ်လွှတ်မှုပမာဏကို တွက်ချက်ပါသည်။
အပူပေးကိရိယာများ (Stationary Combustion)
သုံးစွဲခဲ့သည့် လောင်စာဆီ ပမာဏကို သက်ဆိုင်ရာ ထုတ်လွှတ်မှုကိန်းသေတန်ဖိုး (emission factor) ဖြင့် မြှောက်၍ ထုတ်လွှတ်မှုပမာဏကို တွက်ချက်ပါသည်။
အအေးပေးစက်ပစ္စည်းများ
အအေးပေးဓာတ်ငွေ့ပြန်ဖြည့်သည့်လုပ်ငန်းစဉ်အတွင်း အသုံးပြုသော အအေးပေးဓာတ်ငွေ့ (refrigerant gas) အမျိုးအစားအလိုက် GHG Protocol မှ သတ်မှတ်ထားသည့် ထုတ်လွှတ်မှုကိန်းသေတန်ဖိုး (emission factor) ဖြင့် မြှောက်၍ ထုတ်လွှတ်မှုပမာဏကို တွက်ချက်ပါသည်။
လျှပ်စစ်ဓာတ်အားသုံးစွဲမှု
နိုင်ငံပိုင်ဓာတ်အားလိုင်း (တည်နေရာကို အခြေခံသော နည်းလမ်း) နိုင်ငံပိုင်ဓာတ်အားလိုင်းမှ ဝယ်ယူသုံးစွဲသော လျှပ်စစ်ဓာတ်အားအတွက် သတ်မှတ်ထားသော ထုတ်လွှတ်မှုကိန်းသေတန်ဖိုး (emission factor) ဖြင့် မြှောက်၍ ထုတ်လွှတ်မှုပမာဏကို တွက်ချက်ပါသည်။
အခြားဓာတ်အားအရင်းအမြစ်များ (ဥပမာ တိုက်ရိုက်ဓာတ်အားလိုင်း သို့မဟုတ် မီးစက်) လျှပ်စစ်ဓာတ်အားရရှိသော စွမ်းအင်အရင်းအမြစ်အလိုက် သတ်မှတ်ထားသော ထုတ်လွှတ်မှုကိန်းသေတန်ဖိုး (emission factor) ဖြင့် မြှောက်၍ ထုတ်လွှတ်မှုပမာဏကို တွက်ချက်ပါသည်။ GHG Protocol Scope 2 အရ တိုက်ရိုက်ဓာတ်အားလိုင်း ထုတ်လွှတ်မှုကိန်းသေ တန်ဖိုးကို အသုံးပြုသင့်သည်။ အကယ်၍ မသိနိုင်ပါက နိုင်ငံပိုင်ဓာတ်အားလိုင်း ထုတ်လွှတ်မှုကိန်းသေတန်ဖိုးကို အသုံးပြုရန် အကြံပြုထားသည်။
ထုတ်လွှတ်မှုကိန်းသေတန်ဖိုးများ (Emission Factors)
အောက်ဖော်ပြပါဇယားများတွင် သက်ဆိုင်ရာလုပ်ငန်းသုံး လုပ်ဆောင်ချက်များအလိုက် အချက်အလက်မှတ်တမ်းများပေါ် မူတည်၍ ထုတ်လွှတ်မှုကိန်းသေတွက်နည်းများနှင့် အဆိုပါအချက်အလက်များ၏ ကိုးကားချက်များလည်း ဖော်ပြပေးထားပါသည်။
လုပ်ငန်းသုံးယာဉ်များ
အအေးပေးစက်ပစ္စည်းများ
အပူပေးစက်ပစ္စည်းများ
လျှပ်စစ်ဓာတ်အား
ဝန်ထမ်းသယ်ယူပို့ဆောင်ရေး
ဖန်လုံအိမ်ထုတ်လွှတ်မှုပမာဏ အစီရင်ခံစာ (GHG Emission Report)